back

တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံနှင့် ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည်ဟု ကတိပြု

Jun 12 • 1:40 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံနှင့် ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည်ဟု ကတိပြု

တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့်အတူ မက်ခရိုစီးပွားရေးမူဝါဒချင်း ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင...

တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့်အတူ မက်ခရိုစီးပွားရေးမူဝါဒချင်း ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ယန္တရားများတွင် ပိုမိုလက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဒုတိယဘဏ္ဍာရေးဝန်ကြီး လျောက်မင်က ပြောကြားခဲ့သည်။

ပေကျင်းမြို့တွင် ဇွန်လ ၉ ရက်က ကျင်းပခဲ့သည့် တရုတ်-ဘရာဇီး အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဘဏ္ဍာရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးတွင် ၎င်းက ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ဘရာဇီးနိုင်ငံ ဒုတိယဘဏ္ဍာရေးဝန်ကြီး မက်သီးယက်စ် အလန်ကက်စထရိုကလည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားကြောင်းနှင့် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေရန်၊ နှစ်ဖက်အကျိုးရှိမည့် ရလဒ်များရရှိရန်၊ ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေးနှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံအကြား မက်ခရိုစီးပွားရေး အခြေအနေများအပြင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ အရင်းအနှီးဈေးကွက်၊ ကုန်သွယ်မှုအထောက်အကူပြုရေး၊ စိုက်ပျိုးရေးကဏ္ဍ ငွေကြေးပံ့ပိုးမှုနှင့် ရေရှည်ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်းအရာများကို နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

14