တရုတ်နိုင်ငံ၏ ပြည်ပကုန်ပစ္စည်း ပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုးမှာ မေလအတွင်း ယွမ် ၄ ဒသမ ၄၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၅၃ ဘီလီယံခန့်) အထိ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၆ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) က ဇွန်လ ၉ ရက်တွင် ထုတ်ပြန်သည်။ မေလအတွင်း ပို့ကုန်မှာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် သွင်းကုန်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကာ ပြည်ပကုန်သွယ်မှုပမာဏမှာ သုံးလဆက်တိုက် ယွမ် ၄ ထရီလီယံအထက်တွင် ရှိနေခြင်းဖြစ်သည်။ယခုနှစ် ပထမငါးလတာကာလအတွင်း စုစုပေါင်း ပြည်ပကုန်သွယ်မှုပမာဏမှာ ယွမ် ၂၀.၆၈ ထရီလီယံ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ခိုင်မာသော တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ကြောင်း ဖော်ပြနေသည်။အဓိကကုန်သွယ်ရေးမိတ်ဖက်များနှင့် ကုန်သွယ်မှုအနေဖြင့် ပထမငါးလတာအတွင်း အာဆီယံအဖွဲ့နှင့် ၁၆ ဒသမ ၆ ရာခိုင်နှုန်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများနှင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂနှင့် ၁၀ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုမှာမူ ၆ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ မေလအတွင်း ယွမ် ၄ ဒသမ ၄၅ ထရီလီယံအထိ ရရှိပြီး တိုးတက်မှုအရှိန် ဆက်လက်ခိုင်မာနေ
Jun 12 • 1:39 AM
China
Local News
Share
| 14 | 0 | 0 | 0 |


