back

တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၁ ရက်တွင် စတင်ကျင်းပမည်

Jun 11 • 1:35 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၁ ရက်တွင် စတင်ကျင်းပမည်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ကူမင်းတျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းနှင့် ပြပွဲဗဟိုဌာန (Kunming Dianchi International Convention and Exhibiti...

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ကူမင်းတျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းနှင့် ပြပွဲဗဟိုဌာန (Kunming Dianchi International Convention and Exhibition Center) ၌ ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ယခုအကြိမ် ပြပွဲကို “စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ကြိုးပမ်းမည်” ဟူသော ဆောင်ပုဒ်ဖြင့် ဆက်လက်ကျင်းပခြင်း ဖြစ်သည်။ ဇွန်လ ၁၀ ရက်နေ့အထိ မြေပြင်တွင် ပြခန်းခင်းကျင်းမှုဆိုင်ရာ ပြင်ဆင်ရေးလုပ်ငန်းများကို စနစ်တကျ အပြီးသတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

21