တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့်ခရီးစဉ်ကို အောင်မြင်စွာရုပ်သိမ်းပြီး ဇွန်လ ၉ ရက် (အင်္ဂါနေ့) မွန်းလွဲပိုင်းတွင် ပြုံယမ်းမြို့မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ပူးတွဲဦးဆောင်သွားရန်နှင့် နှစ်နိုင်ငံလုံး၏ ဆိုရှယ်လစ်စနစ်ဖြစ်ထွန်းမှုအတွက် အင်အားသစ်များ ထည့်သွင်းပေးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကလည်း သမ္မတရှီ၏ ယခုခရီးစဉ်သည် လုံးဝဥဿုံအောင်မြင်မှုရှိခဲ့ပြီး၊ DPRK နှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေကြောင်း ကမ္ဘာကို အပြုသဘောဆောင်သည့် သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် ခရီးစဉ်အတွင်း ရရှိခဲ့သည့် အရေးကြီးသော ဘုံသဘောတူညီချက်များကို တက်ကြွစွာ အကောင်အထည်ဖော်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ခရီးစဉ်နောက်ဆုံးနေ့ဖြစ်သည့် ဇွန်လ ၉ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဇနီးဖြစ်သူ ရီဆိုးလ်ဂျူးတို့က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ပိန့်လိယွမ်တို့အတွက် တရားဝင် နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး၊ လေဆိပ်အထိ လိုက်လံပို့ဆောင်ကာ ခမ်းနားထည်ဝါသော နှုတ်ဆက်ခြင်းအခမ်းအနားကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


