ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်ရှိ အဲကွန်းစက်ရုံတစ်ရုံမှ လူလျှော့သည်ဟုဆိုကာ ဧပြီလ ၄ ရက်နေ့က အလုပ်နားခိုင်းခြင်းခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၃ ဦး၏ စာရွက်စာတမ်းများ သက်တမ်းတိုးခွင့်ရရှိရေးအတွက် ကြားခံအေဂျင်စီနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါအလုပ်သမားများသည် အလုပ်သစ်ရှာဖွေရန် အေဂျင်စီထံမှ Work Permit စာအုပ် တောင်းခံရာတွင် မရရှိသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများမှာ စက်ရုံမှ အလုပ်နားထားရသည့်ရက်များအတွက် ရာခိုင်နှုန်းဖြင့် အခကြေးငွေရရှိနေသဖြင့် လျော်ကြေးရရှိမည်မဟုတ်သော်လည်း၊ ချွန်ဘူရီမြို့နယ် အလုပ်အကိုင်ရှာဖွေရေးရုံး (ကျဟာငန်းရုံး) နှင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (စဝဒ်ဒီကန်) တို့တွင် WAG အဖွဲ့နှင့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) တို့ ပူးပေါင်းညှိနှိုင်းပေးခဲ့မှုကြောင့် အလုပ်သမားများ၏ စာရွက်စာတမ်းများကို နှစ်ပတ်အတွင်း သက်တမ်းတိုးပေးမည်ဟု အေဂျင်စီဘက်က ကတိပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်နားခံရသည့် မြန်မာလုပ်သား ၄၀ ကျော်၏ စာရွက်စာတမ်းများ သက်တမ်းတိုးပေးရန် အေဂျင်စီနှင့် ညှိနှိုင်းနိုင်ခဲ့
Jun 10 • 8:25 AM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


