back

ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေဖြင့် ရွှေ့ပြောင်းအလုပ်သမားများကို ပိုမိုအကာအကွယ်ပေးထား

Jun 10 • 8:25 AM

breaking-news

Thailand

Local News

cover

ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေဖြင့် ရွှေ့ပြောင်းအလုပ်သမားများကို ပိုမိုအကာအကွယ်ပေးထား

ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် အတင်းအဓမ္မခိုင်းစေခြင်း၊ အကြွေးဖြင့်ချည်နှောင်ခြင်းနှင့် လွတ်လပ်ခွင့်ပိတ်ပင်ခြင်း စသည့် လူကုန်ကူးမှုနှင့် အလုပ်သ...

ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် အတင်းအဓမ္မခိုင်းစေခြင်း၊ အကြွေးဖြင့်ချည်နှောင်ခြင်းနှင့် လွတ်လပ်ခွင့်ပိတ်ပင်ခြင်း စသည့် လူကုန်ကူးမှုနှင့် အလုပ်သမားအမြတ်ထုတ်မှုများကို တိုက်ဖျက်ရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ (၂၀၀၈ နှင့် ၂၀၁၅) ဖြင့် ပြင်းထန်စွာ အရေးယူလျက်ရှိသည်။ ဥပဒေအရ လူကုန်ကူးမှုကျူးလွန်သူများကို ပုံမှန်အားဖြင့် ထောင်ဒဏ် ၄ နှစ်မှ ၁၀ နှစ် (ဒဏ်ငွေ ဘတ် ၈ သောင်းမှ ၂ သိန်း) ချမှတ်နိုင်ပြီး၊ သားကောင်ဖြစ်သူမှာ အသက် ၁၅ နှစ်မှ ၁၈ နှစ်အောက်ဖြစ်ပါက ထောင်ဒဏ် ၆ နှစ်မှ ၁၂ နှစ်၊ အသက် ၁၅ နှစ်အောက်ဖြစ်ပါက ထောင်ဒဏ် ၈ နှစ်မှ ၁၅ နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်ကာ အချို့ပြစ်မှုများတွင် ထောင်ဒဏ်တစ်သက်အထိ ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပါဝင်ပတ်သက်သည့် ကုမ္ပဏီများကို ဘတ် ၂ သိန်းမှ ၁ သန်းအထိ ဒဏ်ရိုက်နိုင်ပြီး တာဝန်ရှိဒါရိုက်တာများကိုလည်း ထောင်ဒဏ် ၆ နှစ်မှ ၁၂ နှစ်အထိ ချမှတ်နိုင်သည့်အပြင်၊ အမှုစုံစမ်းစဉ် သက်သေခြိမ်းခြောက်ခြင်းနှင့် လာဘ်ထိုးခြင်းများအတွက် ထောင်ဒဏ် ၁၀ နှစ်အထိ၊ ပြစ်မှုကျူးလွန်သူက အစိုးရဝန်ထမ်းဖြစ်ပါက ပြစ်ဒဏ်ကို ၂ ဆမှ ၃ ဆအထိ ပိုမိုချမှတ်နိုင်သည်။ လက်ရှိတွင် ဝန်ကြီးဌာနများနှင့် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအာဏာပိုင်များက ပူးပေါင်းကယ်ဆယ်ကူညီမှုများ လုပ်ဆောင်နေပြီး၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပတ်စ်ပို့သိမ်းခံရခြင်း၊ လစာမရခြင်းနှင့် ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့ရပါက အလုပ်သမားအဖွဲ့အစည်းများနှင့် အာဏာပိုင်များထံ အချိန်မီ အကူအညီတောင်းခံရန် တိုက်တွန်းထားသည်။

news-view-count-icon

41