ယူအေအီးနိုင်ငံ၊အဘူဒါဘီ အိမ်ခြံမြေဗဟိုဌာန (Abu Dhabi Real Estate Centre - ADREC) သည် အိမ်ငှါးရမ်းခ စျေးနှုန်းကြီးမြင့်လာမှုကို ထိန်းချုပ်ရန်နှင့် စျေးကွက်တည်ငြိမ်စေရန်အတွက် အမီးရိတ်အတွင်းရှိ လူနေအိမ်၊ စီးပွားရေးဆိုင်ရာ (Commercial) နှင့် စက်မှုဇုန်သုံး (Industrial) အိမ်ခြံမြေ အဆောက်အအုံများ အားလုံး၏ ငှားရမ်းခ တိုးမြှင့်ခြင်းကို ယာယီပိတ်ပင်ရပ်ဆိုင်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။အဆိုပါ အရေးပေါ်ယာယီအစီအစဉ်အရ သက်တမ်းကုန်ဆုံး၍ စာချုပ်အသစ်ထပ်မံချုပ်ဆိုမည့် (Tenancy Contract Renewals) အိမ်ခြံမြေများ အားလုံးကို ၀ ရာခိုင်နှုန်း (0% Increase) ဖြင့်သာ စာချုပ်သက်တမ်းတိုးပေးရမည် ဖြစ်သည်။ ထို့အပြင် ယခင်က လူငှားရှိခဲ့ဖူးသော အိမ်ခြံမြေယူနစ်တစ်ခုတွင် လူငှားအသစ်နှင့် စာချုပ်အသစ် ချုပ်ဆိုပါကလည်း ယခင်လူငှားပေးချေခဲ့သည့် ငှားရမ်းခနှုန်းထားအတိုင်းသာ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကောက်ခံရမည် ဖြစ်သည်။ ဤငှားရမ်းခ ယာယီရပ်ဆိုင်းခြင်း မူဝါဒသည် ထုတ်ပြန်သည့်အချိန်မှစ၍ ချက်ချင်းအသက်ဝင်မည်ဖြစ်ပြီး နောက်ထပ်အကြောင်းကြားချက် မထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်း သိရသည်။
ယူအေအီးနိုင်ငံ၊အဘူဒါဘီရှိ လူနေအိမ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး အိမ်ခြံမြေများအားလုံး၏ ငှားရမ်းခတိုးမြှင့်မှုကို ယာယီရပ်ဆိုင်း (Freeze) ကြောင်း ကြေညာ
Jun 04 • 7:15 AM
UAE
Local News
Share
| 17 | 0 | 0 | 0 |


