back

ရခိုင်သို့ပို့ဆောင်မည့် ဘိလပ်မြေအိတ် ၁,၇၀၀ ကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီး

Jun 04 • 6:38 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်သို့ပို့ဆောင်မည့် ဘိလပ်မြေအိတ် ၁,၇၀၀ ကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ဘိလပ်မြေအိတ် ၁,၇၀၀ ကို ငါးဖမ်းစက်လှေ နှစ်စင်း၊ လူ ၂၀ ဦးနှင့်အတူ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရ...

ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ဘိလပ်မြေအိတ် ၁,၇၀၀ ကို ငါးဖမ်းစက်လှေ နှစ်စင်း၊ လူ ၂၀ ဦးနှင့်အတူ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ အရပ်ဘက်ဆက်ဆံရေးဌာန (ISPR) က သတင်းထုတ်ပြန်သည်။ ရေတပ်သည် စိန့်မာတင်ကျွန်း (အုန်းကျွန်း) နှင့် ကပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အတွင်း ကင်းလှည့်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးရမိမှုတွင် 'Ma-2' အမည်ရှိ ငါးဖမ်းစက်လှေပေါ်မှ ဘိလပ်မြေအိတ် ၉၀၀ နှင့် 'Nishan-2' အမည်ရှိ စက်လှေပေါ်မှ ဘိလပ်မြေအိတ် ၈၀၀ တို့ကို လူ ၂၀ ဦးနှင့်အတူ အသီးသီး ရှာဖွေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

28