back

ထိုင်းနိုင်ငံ၊ ချင်းမိုင် ဆန်ဖီဆူးရပ်ကွက်တွင် စစ်ဆင်ရေးပြုလုပ်ပြီး တရားမဝင် မြန်မာလုပ်သားအပါအဝင် ၂၀ ဦးကို ထိုင်းရဲ ဖမ်းဆီး

May 23 • 8:20 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ချင်းမိုင် ဆန်ဖီဆူးရပ်ကွက်တွင် စစ်ဆင်ရေးပြုလုပ်ပြီး တရားမဝင် မြန်မာလုပ်သားအပါအဝင် ၂၀ ဦးကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆန်ဖီဆူး (San Phi Suea) ရပ်ကွက်အတွင်းရှိ နေရာ ၁၀ ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆန်ဖီဆူး (San Phi Suea) ရပ်ကွက်အတွင်းရှိ နေရာ ၁၀ ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာနိုင်ငံသားများအပါအဝင် စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း မေလ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က အဆိုပါရပ်ကွက်ရှိ အဆောင်တစ်ခု၌ မြန်မာလုပ်သားတစ်ဦးက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ကာ နယ်စပ်သို့ ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက်၊ ချင်းမိုင်ခရိုင်ရဲမှူးကြီး၏ အမိန့်ဖြင့် "ဆန်ဖီဆူး မိုးကြိုးစစ်ဆင်ရေး" အမည်ရှိ အကြီးစားပြစ်မှုနှိမ်နင်းရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုစစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံခြားသားအလုပ်သမားပေါင်း ၂၀၀ နီးပါးကို စစ်ဆေးကာ လုပ်သား ၁၅၀ ဦး၏ အချက်အလက်များကို မှတ်တမ်းတင်ခဲ့ပြီး၊ တရားမဝင် ဝင်ရောက်နေထိုင်သူ ၂၀ ဦးကို မယ့်ပင်ရဲတပ်ဖွဲ့စခန်း၌ အရေးယူနိုင်ရန် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

14