back

မေလတတိယပတ်အတွင်း ဘီးလင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမြင့်တက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်

May 23 • 8:16 AM

breaking-news

Myanmar

Ayeyarwady

cover

မေလတတိယပတ်အတွင်း ဘီးလင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမြင့်တက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်

မေလ တတိယ (၁၀) ရက်ပတ်အတွင်း ဘီးလင်းမြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်ကြီးအချို့တွင် မြစ်ရေများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌ...

မေလ တတိယ (၁၀) ရက်ပတ်အတွင်း ဘီးလင်းမြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်ကြီးအချို့တွင် မြစ်ရေများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ကာလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ မန္တလေးနှင့် စစ်ကိုင်းမြို့အပါအဝင် အထက်ပိုင်းမြို့များ၌ ၂ ပေမှ ၅ ပေခန့်၊ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်းနှင့် မော်လိုက်မြို့တို့၌ ၂ ပေမှ支 ၄ ပေခန့်အပြင် မြစ်သာ၊ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ပဲခူး၊ သံလွင်၊ သောင်ရင်းနှင့် တိုးမြစ်ရေတို့သည်လည်း သက်ဆိုင်ရာမြို့နယ်များအလိုက် ပေဝက်မှ ၃ ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ သို့သော် ဧရာဝတီမြစ်အောက်ပိုင်းရှိ ပခုက္ကူ၊ ချောက်၊ မင်းဘူး၊ မကွေး၊ ပြည်နှင့် ဟင်္သာတမြို့တို့အပြင် ငါးသိုင်းချောင်းမြို့ရှိ ငဝန်မြစ်ရေတို့မှာမူ လက်ရှိရေမှတ်များအောက် ပေဝက်မှ ၁ ပေခန့်အထိ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း သိရသည်။

news-view-count-icon

17