ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။လီဝန်ဒေါစကီး(၃၇ နှစ်)ဟာ အခုရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ဘာစီလိုနာအသင်းအနေနဲ့ အသုံးစရိတ်လျှော့ချဖို့ အခုနှစ်အစောပိုင်းကတည်းက လီဝန်ဒေါစကီးကို စာချုပ်သက်တမ်းမတိုးတော့ဖို့ဆုံးဖြတ်ထားတာဖြစ်တယ်။လီဝန်ဒေါစကီးဟာ လာလီဂါချန်ပီယံအသင်းနဲ့ လေးရာသီကြာ ဖြတ်သန်းခဲ့ပါတယ်။၎င်းအနေနဲ့ ဘာစီလိုနာအသင်းမှာ လာလီဂါဖလား သုံးကြိမ်၊ စပိန်စူပါဖလား သုံးကြိမ်နဲ့ စပိန်ဘုရင့်ဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ လီဝန်ဒေါစကီးဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၉၁ ပွဲကစား၊၁၁၉ ဂိုး သွင်းယူပေးထားပါတယ်။လက်ရှိမှာ လီဝန်ဒေါစကီးကို ဥရောပ၊ ဆော်ဒီအာရေဗျနဲ့ အမေရိကန်ကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။
| 24 | 0 | 0 | 0 |


