တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်တို့သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော်ဟားအယ်ပင်း၌ ဖွင့်လှစ်ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲသို့ မေ ၁၇ ရက်က ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။ ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အခါသမယနှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက် အခါသမယလည်းဖြစ်ကြောင်း၊ နယ်ပယ်အသီးသီး၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် နက်ရှိုင်းခိုင်မာလာခဲ့ပြီး နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းအားထုတ်မှုများ၏ အသီးအပွင့် အကျိုးရလဒ်များကို ရရှိခဲ့ကြောင်း ရှီက ထောက်ပြပြောဆိုခဲ့သည်။



