ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာ ငွေထဲက ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတက ပြောပါ တယ်။မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြို့မိ မြို့ဖတွေ၊ အသေး စား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆိုင် ရာတွေကို ဆွေးနွေးမှာကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ပညာရေးဝန်ကြီးဌာန နဲ့ အခြားဝန်ကြီးဌာနတွေရှိ ပညာရေးကဏ္ဍတွေအတွက် နိုင်ငံတော်ဘဏ္ဍာငွေထဲက ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။လာမဲ့ ဘဏ္ဍာနှစ်မှာတော့ ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့် အသုံးပြုသွားမှာ ဖြစ်သလို လာမဲ့ တစ်နှစ်ကျော်မှာလည်း နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံး ပြုသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။


