၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ကြောင်း သိရသည်။ထိုသို့သတ်မှတ်ခဲ့သည့်အတွက် ပဲခူးတိုင်း တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းကို မေ ၁၆ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအလိုက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။အလားတူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် မေ ၂၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အလားတူ ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအတွင်း ကျောင်းအပ်နှံမည့်လုပ်ငန်းစဉ်များကို မေ ၁၆ ရက်က စုရပ်အလိုက် လက်ကမ်းစာစောင်များဖြန့်ဝေ၍ Campaing ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 18 • 1:22 AM
Myanmar
Local
Share
| 50 | 0 | 0 | 0 |


