လွန်ခဲ့သော ဆယ်စုနှစ် တစုခန့်က ထိုင်းနိုင်ငံ၊ ချိုင်းယားဖူခရိုင်ရှိ ကျေးရွာပိုင်ရေကန်တခုအနီးမှာ တွေ့ရှိခဲ့ရတဲ့ အရိုးကြွင်းကျန်မှုတွေကနေတဆင့် အရင် မသိရှိရသေးသော အပင်စား ဒိုင်နိုဆောဘီလူး မျိုးစိတ်သစ်တခုကို သိပ္ပံပညာရှင်တွေက အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ထိုင်းနဲ့ လန်ဒန်အခြေစိုက် သုတေသီများပူးပေါင်းပြီး Scientific Reports ဂျာနယ်မှာ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ သုတေသနအရ အဲဒီတွားသွားသတ္တဝါကို နာဂါတိုက်တန် ချိုင်းယားဖူမန်းဆစ် လို့ အမည်ပေးထားပါတယ်။၎င်းဟာ အရှေ့တောင်အာရှဒေသတွင်း ဒီနေ့အထိ ရှာဖွေတွေ့ရှိသမျှထဲမှာ ခန္ဓာကိုယ်အရွယ်အစား အကြီးမားဆုံး ဒိုင်နိုဆောဖြစ်တယ်လို့ သိရပါတယ်။အခုဖော်ထုတ်လိုက်တဲ့ ဒိုင်နိုဆောဟာ လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၂၀ မှ သန်း ၁၀၀ ခန့် (ခရီတေးရှပ်စ်အစောပိုင်းကာလ) က နေထိုင်ခဲ့ခြင်းဖြစ်ပြီး၊ ခန့်မှန်းခြေအားဖြင့် အလေးချိန် ၂၇ မက်ထရစ်တန် ၆၀,၀၀၀ နဲ့ အလျား ၂၇ မီတာ (၈၉ ပေနီးပါး) ရှိပါတယ်။၎င်းရဲ့ အရှေ့ခြေထောက်ရိုးတခုတည်းတင် အလျား ၁.၇၈ မီတာရှိပြီး လူတဦးရဲ့ အရပ်အမောင်းထက် ပိုမိုမြင့်မားနေပြီး ထိုင်းနိုင်ငံမှာ အရင်ကတွေ့ရှိဖူးသည့် အခြားဆောရိုပေါ့ဒ် လည်ပင်းရှည်ဒိုင်နိုဆောများထက် နှစ်ဆခန့် ပိုမိုကြီးမားနေပါတယ်။



