back

အာရှချန်ပီယံလိဂ်-၂ ဗိုလ်လုပွဲတွင် အယ်လ်နာဆာ ရှုံးနိမ့်၊ စီရော်နယ်လ်ဒို မေဂျာဖလားနှင့် ထပ်မံလွဲချော်

May 17 • 6:48 AM

breaking-news

Myanmar

International

cover

အာရှချန်ပီယံလိဂ်-၂ ဗိုလ်လုပွဲတွင် အယ်လ်နာဆာ ရှုံးနိမ့်၊ စီရော်နယ်လ်ဒို မေဂျာဖလားနှင့် ထပ်မံလွဲချော်

အာရှချန်ပီယံလိဂ်-၂ (AFC Champions League Two) ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် နာမည်ကြီး ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် ဂျပန်ကလပ် ဂမ်ဘာအိုဆာကာအသင်းကို ၁ ဂိုး - ၀ ဂိုးဖြင...

အာရှချန်ပီယံလိဂ်-၂ (AFC Champions League Two) ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် နာမည်ကြီး ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် ဂျပန်ကလပ် ဂမ်ဘာအိုဆာကာအသင်းကို ၁ ဂိုး - ၀ ဂိုးဖြင့် အရေးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ ဂမ်ဘာအိုဆာကာအသင်းသည် ပွဲစဉ်အတွင်း ရရှိခဲ့သည့် တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်ကန်ချက်ကို အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုရှုံးနိမ့်မှုကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အယ်လ်နာဆာအသင်းသို့ ရောက်ရှိလာခဲ့သည့် စီရော်နယ်လ်ဒိုအတွက် ပထမဆုံးသော မေဂျာဖလား ဆွတ်ခူးနိုင်မည့် အခွင့်အရေးနှင့် ထပ်မံလွဲချော်ခဲ့ရပြီး၊ ၎င်းအနေဖြင့် အယ်လ်နာဆာနှင့်အတူ အာရပ်ကလပ်ချန်ပီယံများဖလား တစ်လုံးသာ ရရှိထားကာ ဗိုလ်လုပွဲ ၄ ကြိမ်ဆက်တိုင် ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ အယ်လ်နာဆာအသင်းသည် ပြီးခဲ့သည့်ရာသီက ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွင် အဆင့် (၃) သာ ရရှိခဲ့သဖြင့် ယခု ဒုတိယတန်းစား အာရှချန်ပီယံလိဂ်-၂ ပြိုင်ပွဲကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သော်လည်း၊ လက်ရှိ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင်မူ အယ်လ်ဟီလာအသင်းကို ၂ မှတ်အသာဖြင့် ဇယားထိပ်တွင် ဦးဆောင်နေပြီး လာမည့် ကြာသပတေးနေ့တွင် ဒါမက်အသင်းကို အနိုင်ရရှိပါက အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

23