back

နေပြည်တော်-တောင်ငူ၊ တောင်ငူ-ပဲခူး RBE ရထားခရီးစဉ် နှစ်ခု တိုးချဲ့ပြေးဆွဲ

May 17 • 6:47 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်-တောင်ငူ၊ တောင်ငူ-ပဲခူး RBE ရထားခရီးစဉ် နှစ်ခု တိုးချဲ့ပြေးဆွဲ

မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများနှင့် ကုန်စည်ပို့ဆောင်သူများ အဆင်ပြေစေရန်အတွက် မေလ ၁၅ ရက်မှစတင်၍ နေပြည်တော်-တောင်ငူ (အစုန်/အဆန်) နှင့် တောင်ငူ-ပဲခူး (အစုန်/...

မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများနှင့် ကုန်စည်ပို့ဆောင်သူများ အဆင်ပြေစေရန်အတွက် မေလ ၁၅ ရက်မှစတင်၍ နေပြည်တော်-တောင်ငူ (အစုန်/အဆန်) နှင့် တောင်ငူ-ပဲခူး (အစုန်/အဆန်) RBE ရထားခရီးစဉ်အသစ်နှစ်ခုကို နေ့စဉ်တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း တောင်ငူဘူတာရုံပိုင်ကြီး ဦးသိန်းမြထံမှ သိရသည်။ နေပြည်တော်-တောင်ငူခရီးစဉ်တွင် နေပြည်တော်မှ နံနက် ၆ နာရီထွက်ပြီး တောင်ငူသို့ နံနက် ၈ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်ကာ၊ တောင်ငူမှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာ၍ နေပြည်တော်သို့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး လက်မှတ်ခမှာ မြို့လှဘူတာအထိ ကျပ် ၂,၅၀၀ နှင့် မြို့လှဘူတာကျော်ပါက ကျပ် ၅,၀၀၀ သတ်မှတ်ထားသည်။ အလားတူ တောင်ငူ-ပဲခူးခရီးစဉ်တွင် တောင်ငူမှ နံနက် ၆ နာရီထွက်ခွာပြီး ပဲခူးသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်ကာ၊ ပဲခူးမှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ တောင်ငူသို့ ညနေ ၆ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ပြီး လက်မှတ်ခမှာ ကျောက်တံခါးဘူတာအထိ ကျပ် ၄,၀၀၀ နှင့် ကျောက်တံခါးဘူတာကျော်ပါက ကျပ် ၈,၀၀၀ ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

28