back

ရခိုင်တွင် မွတ်ဆလင် ကလေးငယ်များ ကျောင်းထွက်နှုန်း မြင့်တက်လာ

May 17 • 4:39 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တွင် မွတ်ဆလင် ကလေးငယ်များ ကျောင်းထွက်နှုန်း မြင့်တက်လာ

ရခိုင်ပြည် မြောက်ပိုင်းဒေသရှိ မွတ်ဆလင်အသိုင်းအဝိုင်းတွင် ကလေးငယ်များအား မူလတန်းနှင့် ကျောင်းထုတ်ရမှုနှုန်း မြင့်တက်လာကြောင်း မြောက်ဦးမြို့နယ်ရှိ မွတ်ဆလင် အသိုင်...

ရခိုင်ပြည် မြောက်ပိုင်းဒေသရှိ မွတ်ဆလင်အသိုင်းအဝိုင်းတွင် ကလေးငယ်များအား မူလတန်းနှင့် ကျောင်းထုတ်ရမှုနှုန်း မြင့်တက်လာကြောင်း မြောက်ဦးမြို့နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်းထံမှ သိရသည်။ ဆင်းရဲနွမ်းပါးမှုကြောင့် ကျောင်းစရိတ်မတတ်နိုင်၍ မူလတန်းအဆင့်ထိသာ ထားပြီး အလယ်တန်းအဆင့်ကို မထားနိုင်ကြကြောင်း မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ မွတ်ဆလင် ကျောင်းသားမိဘ တစ်ဦးက ပြောသည်။ မွတ်ဆလင်ကျေးရွာရှိ စာသင်ကျောင်းများအား စုံစမ်းချက်အရ အလယ်တန်းအဆင့် မထားနိုင်ဘဲ မူလတန်းအဆင့်နှင့် ကျောင်းထုတ်ကြသည့် နှုန်းမှာ နှစ်စဉ်မြင့်တက်နေကြောင်း ကျောင်းဆရာ အသိုင်းအဝိုင်းက ပြောဆိုကြသည်။ ကျေးရွာတစ်ရွာတွင် မူလတန်းကျောင်းသား ၁၅၀ ဦးရေရှိပါက ၄၀ နှင့် ၅၀ ဦးခန့်သာ အလယ်တန်းအဆင့် တက်ရောက်နိုင်ကြကြောင်း မြောက်ဦးမြို့နယ် ပေါင်းဘုတ်ကျေးရွာမှ ကျောင်းဆရာတစ်ဦးက ပြောသည်။

news-view-count-icon

40