ကမ္ဘောဒီးယားနိုင်ငံ၏ လေကြောင်းလိုင်းများမှတစ်ဆင့် ခရီးသည်ဝင်ရောက်မှုနှုန်းမှာ အနည်းငယ်ကျဆင်းမှု ပြသခဲ့သော်လည်း လေကြောင်းကုန်စည်ပို့ဆောင်မှု (Air Cargo) ကဏ္ဍမှာမူ စံချိန်တင်လောက်အောင် သိသိသာသာ မြင့်တက်လာကြောင်း လေကြောင်းကဏ္ဍဆိုင်ရာ နောက်ဆုံးထုတ်ပြန်ချက် သတင်းများအရ သိရပြီး ယခုကဲ့သို့ လေကြောင်းကုန်စည် စီးဆင်းမှု မြင့်တက်လာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍ၊ အထူးသဖြင့် အထည်အလိပ်၊ ဖိနပ်၊ အီလက်ထရွန်နစ် အစိတ်အပိုင်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ လျင်မြန်စွာ တင်ပို့နိုင်မှု အားကောင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရကာ တစ်ဖက်တွင် ခရီးသွားလုပ်ငန်း နှေးကွေးမှုကြောင့် လေကြောင်းခရီးသည် အရေအတွက် လျော့နည်းနေသော်လည်း ကုန်စည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုက နိုင်ငံ၏ လေကြောင်းလိုင်းများနှင့် လေဆိပ်လုပ်ငန်းများအတွက် အဓိက ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်လာစေသည့်အပြင် ကမ္ဘောဒီးယားအစိုးရအနေဖြင့် လေကြောင်းကုန်စည် ပို့ဆောင်ရေး အခြေခံအဆောက်အအုံများနှင့် လေဆိပ်သစ်များကို ပိုမိုအဆင့်မြှင့်တင်ကာ ဒေသတွင်း ကုန်သွယ်မှု ဗဟိုချက်တစ်ခုဖြစ်လာစေရန် ဆက်လက်တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
ကမ္ဘောဒီးယား၌ လေကြောင်းခရီးသည်ဝင်ရောက်မှု ကျဆင်းခဲ့သော်လည်း လေကြောင်းကုန်စည်ပို့ဆောင်မှုမှာတော့ သိသိသာသာ မြင့်တက်လာ
May 17 • 4:38 AM
Cambodia
Local News
Share
| 15 | 0 | 0 | 0 |


