ဂျပန်ရဲ့ အဓိကဘဏ်ကြီး ၃ ခုဟာ အမေရိကန် ထွန်းသစ်စကုမ္ပဏီ Anthropic က တီထွင်ထားတဲ့ နောက်ဆုံးပေါ် ဉာဏ်ရည်တု AI မော်ဒယ် Claude Mythos ကို အသုံးပြုခွင့်ရရှိဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီငွေကြေးအဖွဲ့အစည်း ၃ ခုက MUFG ၊ Sumitomo Mitsui နဲ့ Mizuho တို့ဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်တွေ အတည်ပြုခံရမယ်ဆိုရင် ဒီဘဏ်တွေဟာ ဂျပန်မှာ အဲဒီဉာဏ်ရည်တု မော်ဒယ်သစ်ကို ပထမဦးဆုံး အသုံးပြုခွင့်ရသူတွေ ဖြစ်လာမှာဖြစ်ပါတယ်။ Anthropic ရဲ့ Claude Mythos ဟာ ကွန်ပျူတာရဲ့ operating system နဲ့ တခြား software တွေက အားနည်းချက်တွေကို ဖော်ထုတ်နိုင်စွမ်း အလွန်မြင့်မားတယ်လို့ ဆိုပါတယ်။



