back

ယူနန်ပြည်နယ်ရှိ ဘလူးဘယ်ရီစိုက်ပျိုးရေးခြံမှ မြန်မာအလုပ်သမား (၁၀၀) ကျော် ဖမ်းဆီးခံရဟု ဆို

May 16 • 2:39 PM

breaking-news

China

Local News

cover

ယူနန်ပြည်နယ်ရှိ ဘလူးဘယ်ရီစိုက်ပျိုးရေးခြံမှ မြန်မာအလုပ်သမား (၁၀၀) ကျော် ဖမ်းဆီးခံရဟု ဆို

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ Zhefang မြို့နယ် အတွင်း ရှိ ဘလူးဘယ်ရီစိုက်ပျိုးရေးခြံများတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား (၁၀၀) ကျော်ကို တရုတ်ရဲတပ်ဖွ...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ Zhefang မြို့နယ် အတွင်း ရှိ ဘလူးဘယ်ရီစိုက်ပျိုးရေးခြံများတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား (၁၀၀) ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထွက်ပေါ် နေသောသတင်းများအရ သိရသည်။ ပြီးခဲ့သည့် မေလ (၁၄) ရက် ညပိုင်း (၈) နာရီ (၃ဝ) မိနစ် အချိန်ခန့်က အဆိုပါ ဘလူးဘယ်ရီစိုက်ပျိုးရေးခြံများရှိ အလုပ်သမား အိပ်ဆောင်သို့ တရုတ်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် အိပ်ဆောင်အတွင်း ရှိနေသော မြန်မာအလုပ်သမား (၁၀၀) ကျော်ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများ အနက် အများစုမှာ ကယားပြည်နယ်ဘက်မှ လာရောက်သူများ ဖြစ်ပြီး ဖမ်းဆီးသော အကြောင်းအရင်းကို မသိရသေးသော်လည်း တရားမဝင် ဝင်ရောက်သည့်အတွက် ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ 





news-view-count-icon

1