back

ဘန်ကောက်တွင် ဘတ်စ်ကားကို ကုန်တင်ရထားမှ ဝင်တိုက်ခဲ့ပြီး ၈ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ

May 16 • 1:03 PM

breaking-news

Thailand

Local News

cover

ဘန်ကောက်တွင် ဘတ်စ်ကားကို ကုန်တင်ရထားမှ ဝင်တိုက်ခဲ့ပြီး ၈ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ

Asok-Din Daeng လမ်းပေါ်ရှိ ရထားလမ်းကူး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားမှာ မီးပွိုင့်မိနေစဉ် ရထားလာချိန်တွင် ရထာရလမ်းပေါ်ရှိနေသည့်အတွက် တိုက်မိခဲ့ခြင်းဖြစ်ကာ ...

Asok-Din Daeng လမ်းပေါ်ရှိ ရထားလမ်းကူး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားမှာ မီးပွိုင့်မိနေစဉ် ရထားလာချိန်တွင် ရထာရလမ်းပေါ်ရှိနေသည့်အတွက် တိုက်မိခဲ့ခြင်းဖြစ်ကာ ဘတ်စ်ကားမှာ မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။အဆိုပါကုန်တင်ရထားသည် အရှိန်ပြင်းသည့်အပြင် ကွန်တိန်နာပုံးများလည်း တင်ဆောင်လာသည့်အတွက် အလေးချိန်များနေရာ အချိန်မီဘရိတ်အုပ်နိုင်ခြင်းမရှိဘဲ ကားကိုဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ထို့ပြင် အနီးနားရှိမော်တော်ယာဉ်များနှင့် ဆိုင်ကယ်အချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်တပ်ဖွဲ့က အရေးပေါ်လာရောက်ငြှိမ်းသတ်ခဲ့ကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးပြီး နှစ် ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။အများပြည်သူစီးဘတ်စ်ကား(BMTA) ညွှန်ကြားရေးမှူး Kittikan Chomdoung က ယခုဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်းနှင့် ထိခိုက်ခဲ့သူများအား လျော်ကြေးငွေများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဥပဒေနှင့်အညီ ပေးဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။




news-view-count-icon

8