back

(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ မှ လမ်းညွှန်ချက်ပေးနိုင်ရန် ရွှေဆ်ိုင်ပိုင်ရှင်များအား အစည်းအဝေးတက်ရောက်ရန်ဖိတ်ကြား ‌

May 16 • 1:02 PM

breaking-news

Myanmar

Local

cover

(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ မှ လမ်းညွှန်ချက်ပေးနိုင်ရန် ရွှေဆ်ိုင်ပိုင်ရှင်များအား အစည်းအဝေးတက်ရောက်ရန်ဖိတ်ကြား ‌

နာမည်ကြီး ရွှေဆိုင်များဖြစ်ကြသ‌ည့် ဝိန့်စိန်၊ ဇွဲထက်၊ အောင်သမာဓိ အပါအဝင် ရွှေဆိုင်ကြီး ၁၆ဆိုင် ၏ ရွှေဆိုင်ပိုင်ရှင်များအား ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေး...

နာမည်ကြီး ရွှေဆိုင်များဖြစ်ကြသ‌ည့် ဝိန့်စိန်၊ ဇွဲထက်၊ အောင်သမာဓိ အပါအဝင် ရွှေဆိုင်ကြီး ၁၆ဆိုင် ၏ ရွှေဆိုင်ပိုင်ရှင်များအား ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ပြုလုပ်မးမည့် အစည်းအဝေး သို့ ‌ရွှေဆိုင် ပိုင်ရှင်များကိုယ်တိုင် မပျက်မကွက် တက်ရောက်ပါရန် ဖိတ်ကြားထားကြောင်းသိရပါသည်။ အဆိုပါ ရွှေဆိုင်လုုပ်ငန်းရှင်များ နှင့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ သည် လာမည့် မေလ၂၅ရက် ဗုဒ္ဓဟူးနေ့ နေ့လည်၁နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ မြင့်မြတ်ရွှေရည်အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ လမ်းညွှန်မှာကြားခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ဖိတ်ကြား‌ထားသော ‌ရွှေဆိုင်ကြီးများကတော့ အကယ်ဒမီ ၊ ဇွဲထက်၊ ရွှေနန်းတော် ၊29 ရတနာ ၊ မြန်မာချမ်းသာ၊

ရွှေနန်းသုခ၊ Lucky Diamonds Myanmar ၊ထာဝရဝိန့်စိန် ၊ အောင်သမာဓိ၊ မောင်ကိန်း ၊ ရွှေနန်းထက် ၊ရွှေချမ်း ၊သီတာ၊ ဇောတိက ၊သင်းရွှေစင် ၊ သိမ်းငှက်သုံးကောင် စသည့် ရွှေဆိုင် စုစုပေါင်း ရွှေဆိုင်ကြီး ၁၆ဆိုင်ကို‌ ကော်မတီမှ ရည်ညွှန်းဖိတ်ကြား၍ လမ်းညွှန်မှာကြားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီရဲ့ လမ်းညွှန်မှာကြားခေါ်ယူမှုအပေါ် " လက်ရှိ ပြည်တွင်းပြင်ပရွှေဈေးကွက်က သိတဲ့အတိုင်း ဈေးကျလည်း ပါးပါးပဲလေ တက်လာတော့ ယခုရက်တွေထဲကို  အခေါက်ရွှေတစ်ကျပ်သားကို သိန်း ၁၀၀ ကျော်သွားတယ် ဝယ်ရောင်းတွေလည်းရှိနေတာပဲ ခုခေါ်တာကတော့ တက်ဈေးမြင့်လာလို့ ပြန်လည်ထိန်းချုပ်ဖို့ ညှိတာထင်တယ် ရွှေဆိုင်တွေနဲ့ ပတ်သတ်တာဆို ရွှေဈေးကိစ္စပဲ ရှိတာလေ " ဟု ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ရပ်ဝန်းသစ်ကို ပြောကြားခုဲသည် 


 




news-view-count-icon

38