back

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲအများစု အဝယ်အေး၍ ဈေးတည်ငြိမ်နေ

May 16 • 6:37 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲအများစု အဝယ်အေး၍ ဈေးတည်ငြိမ်နေ

မန္တလေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ်အတွင်း ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့မှာ အဝယ်အေးနေပြီး ဈေးနှုန်းများလည်း တည်ငြိမ်မှုရှိနေကြောင်း ကု...

မန္တလေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ်အတွင်း ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့မှာ အဝယ်အေးနေပြီး ဈေးနှုန်းများလည်း တည်ငြိမ်မှုရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။ ပဲစင်းငုံ (နီ) (၆၀) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတ စ်ပတ်တွင် ကျပ် (၂၈၀,၀၀၀) မှ (၂၈၁,၀၀၀) အတွင်းရှိပြီး ယခင်တစ်ပတ်က ကျပ် (၂၇၈,၀၀၀) မှ (၂၈၀,၀၀၀) ရှိခဲ့ကြောင်း သိရသည်။ ယခင်လတွင် ကျပ် (၂၈၅,၀၀၀) အထိ ရှိခဲ့သဖြင့် လစဉ်နှိုင်း ယှဉ်ပါက ကျပ် (၄,၀၀၀) မှ (၅,၀၀၀) ခန့် ဈေးကျဆင်းလာကြောင်း သိရသည်။ ပဲစင်းငုံ (ဖြူ) မှာ (၆၀) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်တွင် ကျပ် (၂၄၇,၀၀၀) မှ (၂၅၀,၀၀၀) အတွင်း ဈေးငြိမ်နေခဲ့ပြီး ယခင်လက ကျပ် (၂၅၅,၀ ၀၀) ရှိခဲ့သဖြင့် ကျပ် (၅,၀၀၀) မှ (၈,၀၀၀) ခန့် ဈေးနိမ့်လာကြောင်း သိရသည်

news-view-count-icon

31