back

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) အဖွဲ့ ယူနန်ပြည်နယ်သို့ ချစ်ကြည်ရေးခရီးသွားရောက်

May 16 • 6:36 AM

breaking-news

China

Local News

cover

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) အဖွဲ့ ယူနန်ပြည်နယ်သို့ ချစ်ကြည်ရေးခရီးသွားရောက်

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦး ဦးဆောင်သည့် အဖွဲ့သည် ယူနန်ပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း ကူမင်းမြို့သို့‌ မေလ ၁၁ ရက်နေ့က သွား...

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦး ဦးဆောင်သည့် အဖွဲ့သည် ယူနန်ပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း ကူမင်းမြို့သို့‌ မေလ ၁၁ ရက်နေ့က သွားရောက်ခဲ့ကြောင်း သိရသည်။ယူနန်ပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း ဥက္ကဌ Ms, Wang Yu နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေ့လုပ်ငန်းစဉ်များ၊ ပြည်သူချင်း ချစ်ကြည်ရေး၊ပူးပေါင်းဆောင်ရွက်ရေး၊ ယခုနှစ်အတွင်း ထူးခြားသော ယူနန်ပြည်နယ်အသင်းနှင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်း၍ ချစ်ကြည်ရေးလှုပ်ရှားမှုတစ်ရပ် ကျင်းပပြုလုပ်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုနောက်မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌကို  နှစ်နိုင်ငံ ချစ်ကြည်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် Honoray Member အဖြစ်  ဂုဏ်ပြလက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

12