back

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

May 16 • 2:21 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ကမ္ဘောဇလမ်းတွင် မေလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း...

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ကမ္ဘောဇလမ်းတွင် မေလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ လားရှိုးခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီးတို့အပြင် (၁၊ ၅၊ ၈၊ ၁၂) ရပ်ကွက်များရှိ အရန်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ မီးငြှိမ်းသတ်ခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများကို အင်အားအပြည့်ဖြင့် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါသည်။

news-view-count-icon

44