back

တိုင်းရင်းဆေးဝါး အမှတ်တံဆိပ်များကို သုံးစွဲရန် မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

May 15 • 4:56 PM

breaking-news

Myanmar

Local

cover

တိုင်းရင်းဆေးဝါး အမှတ်တံဆိပ်များကို သုံးစွဲရန် မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ဆင်ပြောင်ကြီး၊ နတ်စည်းစိမ်၊ ဇော်ဂျီလက်စွဲ၊ တောင်ကြာပန်း၊ ဘီလူးငါးကောင်နှင့် Double X စသည့် အမှတ်တံဆိပ်များပါ အမျိုးသားအကြောအားဆေးတို့သည် အနောက်တိုင်းဆေးများ ရော...

ဆင်ပြောင်ကြီး၊ နတ်စည်းစိမ်၊ ဇော်ဂျီလက်စွဲ၊ တောင်ကြာပန်း၊ ဘီလူးငါးကောင်နှင့် Double X စသည့် အမှတ်တံဆိပ်များပါ အမျိုးသားအကြောအားဆေးတို့သည် အနောက်တိုင်းဆေးများ ရောနှောပါဝင်သဖြင့် သုံးစွဲရန် မသင့်လျော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ဈေးကွက်အတွင်း တွေ့ရှိရသော ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲ အမှတ်တံဆိပ် အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအားဆေးတို့မှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ရရှိထားသော်လည်း တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့် အညီ မဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး(စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်ခြင်း၊ သတ်မှတ်ချက်(၁၀) ချက်ပြည့်စုံ မှန်ကန်မှုမရှိခြင်းနှင့် Double X အမှတ်တံဆိပ် အမျိုးသားအားတိုးဆေးသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြထားသည်။သုံးစွဲရန်မသင့်ဟု ကြေညာထားသည့် ဆေးဝါးများကို ဖြန့်ဖြူးရောင်းချပါက အရေးယူမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။



news-view-count-icon

51