back

ချင်းမိုင်ခရိုင် ၁၀ နှစ်ခံတောင်ပေါ်သားကတ်များ ပြန် စစ်မည်

May 15 • 4:49 PM

breaking-news

Thailand

Local News

cover

ချင်းမိုင်ခရိုင် ၁၀ နှစ်ခံတောင်ပေါ်သားကတ်များ ပြန် စစ်မည်

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် မေလ ၈ ရက်က ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များနှင့်အတူဖမ်းမိသည့် တရုတ်နိုင်ငံသားထံမှ တောင်ပေါ်သားကတ် သိမ်းဆည်းပြီးနောက် ချင်းမိုင...

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် မေလ ၈ ရက်က ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များနှင့်အတူဖမ်းမိသည့် တရုတ်နိုင်ငံသားထံမှ တောင်ပေါ်သားကတ် သိမ်းဆည်းပြီးနောက် ချင်းမိုင်ခရိုင်၏ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းရှိ တောင်ပေါ်သားကတ် အချက်အလက်များအား နောက်ကြောင်းပြန်စစ်ဆေးရန် ခရိုင်အုပ်ချုပ်ရေးမှူးက ယမန်နေ့ပြုလုပ်သည့် အစည်းအဝေး၌ ညွှန်ကြားလိုက်ကြောင်း ထိုင်းသတင်းများအရ သိရသည်။ အိမ်ထောင်စုလိပ်စာ မကြာခဏ ပြောင်းလဲသူများ၊ လူ ၁၀ ဦးထက်ပိုသည့် အိမ်ထောင်စုများ(သို့မဟုတ်) ပုံမှန်မဟုတ်သော အခြေအနေရှိမရှိ လူဦးရေစစ်တမ်းကောက်ယူရေး၊ သံသယဖြစ်ဖွယ် တောင်ပေါ်သားကတ်ကိုင်ဆောင်ထားသူများ၏ အချက်အလက်များ စစ်တမ်းကောက်ယူခြင်းနှင့် နိုင်ငံခြားသားနှင့်လက်ထပ်ခြင်းဆိုင်ရာ အချက်အလက်များ စစ်ဆေးရန်လည်း ပြောထားသည်။ အဆိုပါတရုတ်နိုင်ငံသားထံမှ ကတ်ကို သိမ်းဆည်းရမိပြီးနောက် ၎င်းအား အချက်အလက်များလိမ်လည်ကာ ကတ်ထုတ်ပေးမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုသော ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့ဒုတိယခရိုင်မှူးဟောင်းတဦးကိုလည်း မေလ ၁၅ ရက် ယနေ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။




news-view-count-icon

7