back

မတ်စ်ရဲ့ သားလေး “အစွမ်းထက်ဆုံး စျေးကွက်မြှင့်တင်သူ” ဖြစ်လာပြီလော

May 15 • 4:48 PM

breaking-news

China

Local News

cover

မတ်စ်ရဲ့ သားလေး “အစွမ်းထက်ဆုံး စျေးကွက်မြှင့်တင်သူ” ဖြစ်လာပြီလော

ဘေဂျင်းမြို့တွင် မတ်စ်၏ သားဖြစ်သူ ဝတ်ဆင်လာသည့် ဝတ်စုံကြောင့် ကျားခေါင်းအိတ်နှင့် တရုတ်ရင်ဖုံးအင်္ကျီတို့ ရောင်းအားအလွန်ကောင်းကာ ကုန်လုနီးပါး ဖြစ်ခဲ့သည်။ မေလ ၁၄ ...

ဘေဂျင်းမြို့တွင် မတ်စ်၏ သားဖြစ်သူ ဝတ်ဆင်လာသည့် ဝတ်စုံကြောင့် ကျားခေါင်းအိတ်နှင့် တရုတ်ရင်ဖုံးအင်္ကျီတို့ ရောင်းအားအလွန်ကောင်းကာ ကုန်လုနီးပါး ဖြစ်ခဲ့သည်။ မေလ ၁၄ ရက်နေ့တွင် အမေရိကန်သမ္မတ ထရန့်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း လိုက်ပါလာသည့် တက်စလာ (Tesla) စီအီးအို အီလွန်မတ်စ်က “ကျွန်တော့်သားလေး မန်ဒရင်တရုတ်စကား သင်နေပါတယ်” ဟု X (ယခင် တွစ်တာ) လူမှုကွန်ရက်ပေါ်တွင် တရုတ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။ ယခု တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မတ်စ်သည် ၎င်း၏ ၆ နှစ်အရွယ် သားဖြစ်သူ X ကို ပြည်သူ့ခမ်းမဆောင်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ မတ်စ်၏သားငယ်သည် ရိုးရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်ရာများပါရှိသည့် ကျားခေါင်းအိတ်တစ်လုံးကို ကိုင်ဆောင်ထားပြီး တရုတ်စတိုင်သစ် ရင်ဖုံးအင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ ချစ်စဖွယ် ပုံစံလေးက လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး မီဒီယာများတွင် ဖော်ပြခံရပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အလျင်အမြန်ပင် ရေပန်းစားသွားခဲ့သည်။ အရောင်းဆိုင်၏ ပြောပြချက်အရ ဤကျားခေါင်းအိတ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျားခေါင်းယဉ်ကျေးမှုမှ စိတ်ကူးရယူကာ ကွမ်ရှီးပြည်နယ် ကွေ့လင်မြို့အခြေစိုက် အဖွဲ့တစ်ခုက ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်ဟု သိရသည်။



news-view-count-icon

1