မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လာမည့် မေ ၂၀ ရက်မတိုင်မီအထိ မိုးရွာသွန်းမှု နေရာကွက်ကျားသာ ရှိနိုင်သေးသော်လည်း မေ ၂၂ ရက်နောက်ပိုင်း မိုးပိုမိုစိပ်လာမည့် အနေအထားရှိကြောင်း သိရသည်။ယခုကာလသည် မုတ်သုံလေစတင်ဝင်ရောက်မည့်ကာလဖြစ်၍ ကုန်းတွင်းပိုင်းဒေသများ၏ ညနေပိုင်းနှင့် ညပိုင်းတို့တွင် မိုးတိမ်တောင် (Thunderstorms) များ ဖြစ်ထွန်းကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် အထူးဂရုပြုရန် လိုအပ်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က ယနေ့ မေ၁၅ရက် ညနေ၅နာရီအချိန် လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်မေ(၁၅)ရက်မှ (၁၈)ရက်အတွင်း မြန်မာနိုင်ငံတဝှမ်းတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေမည်ဖြစ်ကာ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုပါသည်။



