back

ဂျပန် Knock Out ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ဒေါင်းမိုက်သွေးတို့ အမှတ်ဖြင့် ရှုံးနိမ့်

May 15 • 2:15 PM

breaking-news

Myanmar

Local

cover

ဂျပန် Knock Out ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ဒေါင်းမိုက်သွေးတို့ အမှတ်ဖြင့် ရှုံးနိမ့်

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲ၌ သွား ရောက်ယှဉ်ပြ...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲ၌ သွား ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာကိုယ် စားပြု ရိုးရာဖိုက်တာ ‌ဒေါင်းမိုက်သွေးနှင့် စူပါရေချမ်းတို့ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။မြန်မာ့လက်ဝှေ့ကျော် စူပါရေချမ်းသည် ​၆၃ ကီလိုတန်းတွင် ထိုင်းနိုင်ငံသားဖိုက်တာ ကွန်နာပါနှင့် ရင်ဆိုင်ခဲ့ရာတွင် သတ်မှတ်သုံးချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း သုံးချီအပြီးတွင် ဒိုင်များ၏ အဆုံးအဖြတ်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။အလားတူ ၅၁ ကီလိုတန်းတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာဖိုက်တာ ဒေါင်းမိုက်သွေးသည်လည်း ဂျပန်အိမ်ရှင် WBC ချန်ပီယံ ဝါတာနာဘေးကို သုံးချီအပြည့် အကောင်းဆုံးတုန့်ပြန် ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

  



news-view-count-icon

31