back

ရှမ်းပြည်နယ်၊မူဆယ်မှာ အလုပ်လုပ်ဖို့ တက်လာတဲ့ အမျိုးသမီးငယ်နဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ

May 15 • 6:51 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊မူဆယ်မှာ အလုပ်လုပ်ဖို့ တက်လာတဲ့ အမျိုးသမီးငယ်နဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ

ရှမ်းမြောက် မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး တက်လာတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ မိသားစုဝင်တွေက အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတယ်လ...

ရှမ်းမြောက် မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး တက်လာတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ မိသားစုဝင်တွေက အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ လိုက်ပါကူညီပေးတဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်အသက် ၁၇ နှစ်အရွယ် မခင်သီတာဆန်းဆိုသူဟာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ရာကနေ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံမှာ လစာကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုပြီး ဒီမေလ ဒုတိယအပတ်ထဲမှာ မူဆယ်မြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။မခင်သီတာဆန်းဟာ ဧရာဝတီတိုင်း လပတ္တာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ၎င်းကို တွေ့ရှိတဲ့သူတွေအနေနဲ့ မိသားစုရဲ့ ဖုန်းနံပါတ် (09-424070251) ကို ဆက်သွယ်ပေးဖို့ တောင်းဆိုထားပါတယ်။မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် အလွယ်မယုံကြဖို့ လူမှုကူညီရေးအသင်းတွေက တိုက်တွန်းသတိပေးထားကြပါတယ်။

news-view-count-icon

30