ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာ့မီးရထား၏ Online Railways Ticketing and Payment (ORPT) စနစ်မှ ရထားလက်မှတ် ကြိုတင်ဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့လိုက်ကြောင်း သိရသည်။ယခင်က ကြားဘူတာခရီးစဉ်များအတွက် ရထားလက်မှတ်များကို (၃) ရက်သာ ကြိုတင်ဝယ်ယူနိုင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် မေ ၁၃ ရက် နံနက် ၀၀:၀၀ နာရီမှစတင်၍ (၅) ရက်ကြိုတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ယင်းကဲ့သို့ တိုးချဲ့လိုက်ခြင်းကြောင့် ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်ရရှိမှု ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး ခရီးစဉ်များကိုလည်း ပိုမိုစနစ်တကျ စီစဉ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
May 15 • 3:33 AM
Myanmar
Local
Share
| 159 | 0 | 0 | 0 |


