back

ခုံးကျော်တံတားများရှိ စက်လှေကားများ ပြန်လည်ပြင်ဆင်ပေးရန် ရန်ကုန်မြို့ခံများလိုလား

May 15 • 3:32 AM

breaking-news

Myanmar

Yangon

cover

ခုံးကျော်တံတားများရှိ စက်လှေကားများ ပြန်လည်ပြင်ဆင်ပေးရန် ရန်ကုန်မြို့ခံများလိုလား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လူကူးမျဉ်းကြားများ၊ ခုံးကျော်တံတားများနှင့် မြေအောက်လမ်းများမှ စနစ်တကျ ကူးသန်းသွားလာရေး အသိပညာပေးလုပ်ငန်းများကို ယခုလအတွင်း ဆ...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လူကူးမျဉ်းကြားများ၊ ခုံးကျော်တံတားများနှင့် မြေအောက်လမ်းများမှ စနစ်တကျ ကူးသန်းသွားလာရေး အသိပညာပေးလုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါ အသိပညာပေးအစီအစဉ်ကို မေ ၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီးနောက် မေ ၁၄ ရက်တွင် နောက်ထပ် တစ်ပတ် ထပ်မံတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။ယင်းသို့ အသိပညာပေးမှုများအပြင် လူကူးခုံးကျော်တံတားများတွင် တပ်ဆင်ထားသည့် စက်လှေကားများကို ပြန်လည်ပြင်ဆင်ပေးပါက သက်ကြီးရွယ်အိုများနှင့် လမ်းကူးသွားလာသူများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။“ခုံးကျော်တံတားလှေကားတွေက မတ်ပြီး မြင့်တာတွေရှိတော့ သက်ကြီးရွယ်အိုတွေက အလွယ်တကူ လမ်းကူးလိုက်တာများတယ်။ တချို့ခုံးကျော်တံတားတွေမှာ စက်လှေကားတွေရှိပေမယ့် အသုံးမပြုနိုင်တာတွေ ရှိတယ်။ ပြန်ပြင်ပေးရင် ပိုအဆင်ပြေမယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

news-view-count-icon

24