မကွေးတိုင်းဒေသကြီးအတွင်းမှာ အခုကာလဟာ ရှမ်းပြည်နယ်ဘက်ကနေ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်ညင်း၊ ဘိုစားပဲသီး၊ ခါကြက်ဥ စတဲ့ ကုန်စိမ်းတွေကို မှာယူရောင်းချရပြီး လက်ရှိမှာ ဈေးကျနေပေမဲ့ ရောင်းအား ကောင်းနေတယ်လို့ ကုန်စိမ်းရောင်းချသူတွေက ပြောပါတယ်။ရှမ်းကုန်တွေထဲမှာ ပြီးခဲ့တဲ့လက ၃,၅၀၀ ကျပ် ရှိခဲ့တဲ့ ခရမ်းချဉ်တစ်ပိဿာဈေးက အခုကတော့ ၂,၅၀၀ ကျပ် ၁,၀၀၀ လောက်ကျဆင်းခဲ့ပြီး ကျပ် ၂၀၀၀ ကျော်ထိ ဈေးရှိခဲ့တဲ့ ပန်းမုန်လာနဲ့ဂေါ်ဖီဈေးတွေကလည်း တစ်မျိုးကို ကျပ် ၃၀၀ လောက်စီ ဈေးကျလာပါတယ်။ရှမ်းပြည်နယ်က ထွက်ရှိတဲ့ ကုန်စိမ်းတွေကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက စတင်ကာ မှာယူရောင်းချ နေကြပြီး လာမဲ့အောက်တိုဘာလဆိုရင် ကုန်စိမ်းဈေး တက်လေ့ရှိတယ်လို့ သိရပါတယ်။
| 18 | 0 | 0 | 0 |


