back

လီဂူးချန်ပီယံဆုကို PSG အသင်း စံချိန်တင် ၁၄ ကြိမ်မြောက် ဆွတ်ခူး

May 15 • 2:32 AM

breaking-news

Myanmar

International

cover

လီဂူးချန်ပီယံဆုကို PSG အသင်း စံချိန်တင် ၁၄ ကြိမ်မြောက် ဆွတ်ခူး

PSG အသင်းဟာ ရာသီကုန်ဆုံးဖို့ တစ်ပွဲအလိုမှာ လီဂူးချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ပွဲကျန်အဖြစ် ချန်ပီယံလုဘက် လန်းစ်နဲ့ ကစားခဲ့ရကာ ၂-၀ ဂိုး...

PSG အသင်းဟာ ရာသီကုန်ဆုံးဖို့ တစ်ပွဲအလိုမှာ လီဂူးချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ပွဲကျန်အဖြစ် ချန်ပီယံလုဘက် လန်းစ်နဲ့ ကစားခဲ့ရကာ ၂-၀ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။PSG အနေနဲ့ အခုပွဲမတိုင်ခင် ချန်ပီယံဖြစ်ဖို့ တစ်မှတ်သာလိုပေမဲ့ အနိုင်ယူပြီး ကိုးမှတ်ဖြတ် ဗိုလ်စွဲခဲ့ပါတယ်။PSG အသင်းဟာ အမှတ်ပေးချန်ပီယံဆုကို နောက်ဆုံးငါးနှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။၂၀၂၃ ခုနှစ်မှာ PSG အသင်းကို ရောက်လာတဲ့ နည်းပြ အန်နရီကေးက အသင်းကို နှစ်စဉ်နှစ်တိုင်း အမှတ်ပေးဖလား ယူပေးခဲ့ပါတယ်။၎င်းအနေနဲ့ အသင်းကို စတင်တာဝန်ယူကတည်းက ရရှိနိုင်တဲ့ ဖလား ၁၃ လုံးအနက် ၁၀ လုံး ရယူပေးခဲ့ပါတယ်။

news-view-count-icon

27