ဧရာ၀တီတိုင်းဒေသကြီးအတွင်း မိုးရာသီစပါးစိုက်ပျိုးရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါးစိုက်ဧက ၁၂၁,၆၇၂၈ အတွက် ချေးငွေကျပ် ၃၆၅ ဒသမ ၀၁၈ ဘီလီယံ ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စပါးတစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် တောင်သူ ၁၄၆,၀၃၇ဦး ၏ စိုက်ဧက ၁၀၀,၅၆၇၃ အတွက် ချေးငွေကျပ် ၁၅၀ဒသမ ၈၅ ဘီလီယံ ထုတ်ချေးပေး နိုင်ခဲ့သည်။ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ်တွင် စပါးတစ်ဧက ချေးငွေနှုန်းထား ကျပ် ၃၀၀,၀၀၀ နှုန်းဖြင့် လျာ ထားဧက ၁၂၁,၆၇၂၈ ဧကအတွက် ချေးငွေကျပ် ၃၆၅ဒသမ ၀၁၈ ဘီလီယံကို ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
May 14 • 4:16 AM
Myanmar
Ayeyarwady
Share
| 36 | 0 | 0 | 0 |


