လာအိုနိုင်ငံ၊ ဆာဗားနားခတ်ပြည်နယ် (Savannakhet Province)၊ ဆီပွန်ခရိုင် (Sepon District) ရှိ နမ်ကို့ချောင်း (Nam Kok stream) အနီးတွင် တရားမဝင်ရွှေတူးဖော်နေသည့် စက်ပစ္စည်းကိရိယာများကို အာဏာပိုင်များက ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ကြောင်း သိရပြီး အဆိုပါစစ်ဆင်ရေးကို သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ စွမ်းအင်နှင့် သတ္တုတွင်းဌာနနှင့် ဒေသခံလုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ စီးနင်းမှုအတွင်း တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အဆိုပါလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေရုံသာမက ချောင်းရေထုကို ညစ်ညမ်းစေပြီး ဒေသခံများ၏ လူနေမှုဘဝကို ထိခိုက်စေသဖြင့် အာဏာပိုင်များအနေဖြင့် တရားမဝင်သတ္တုတူးဖော်မှုများကို ထိရောက်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် စည်းကမ်းဖောက်ဖျက်သူများကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
လာအိုနိုင်ငံ၊ဆာဗားနားခတ်ပြည်နယ်တွင် တရားမဝင်ရွှေတူးဖော်သည့် စက်ပစ္စည်းကိရိယာများကို အာဏာပိုင်များ ဖျက်ဆီး
May 14 • 3:03 AM
Laos
Local News
Share
| 13 | 0 | 0 | 0 |


