back

အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံး၊ မြန်မာ ယူ-၁၇ လူငယ်ကစားသမားများကို MFF ဂုဏ်ပြုကျေးဇူးတင်

May 13 • 6:16 AM

breaking-news

Myanmar

Local

cover

အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံး၊ မြန်မာ ယူ-၁၇ လူငယ်ကစားသမားများကို MFF ဂုဏ်ပြုကျေးဇူးတင်

မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသားနှင့် အမျိုးသမီးအသင်းများ၏ Asian Cup 2026 အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး အခက်အခဲများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့...

မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသားနှင့် အမျိုးသမီးအသင်းများ၏ Asian Cup 2026 အာရှဖလားခရီးစဉ် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး အခက်အခဲများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့သည့် မျိုးဆက်သစ် လူငယ်ကစားသမားများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောကြားထားသည်။MFF ၏ ထုတ်ပြန်ချက်အရ အာရှအဆင့် နောက်ဆုံးအဆင့် ဖိုင်နယ်ပွဲစဉ်များအထိ ရောက်ရှိလာနိုင်ရန် လူငယ်ကစားသမားများသည် ပြည်တွင်း ယူ-၁၅ ပြိုင်ပွဲများမှတစ်ဆင့် ပဏာမရွေးချယ်ခံခဲ့ရပြီး ရေရှည်လေ့ကျင့်ရေးစခန်းများ ဝင်ရောက်လေ့ကျင့်ခြင်း၊ ခက်ခဲသည့် ခြေစစ်ပွဲများကို ဖြတ်ကျော်ခြင်းနှင့် နိုင်ငံတကာခြေစမ်းပွဲများ၊ ပြိုင်ပွဲများတွင် အတွေ့အကြုံစုဆောင်းခဲ့ကြရကြောင်း ဖော်ပြထားသည်။ထို့ပြင် နိုင်ငံဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည့် လူငယ်ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များအားလုံးကို အထူးအသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း MFF က ထုတ်ဖော်ပြောကြားထားသည်။

news-view-count-icon

33