back

ထိုင်းနိုင်ငံက လင်းနို့များ၌ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တွေ့ရှိကြောင်း အတည်ပြု

May 13 • 6:15 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံက လင်းနို့များ၌ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တွေ့ရှိကြောင်း အတည်ပြု

ထိုင်းနိုင်ငံရှိ လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တစ်ခု တွေ့ရှိရသည်မှာ မှန်ကန်ကြောင်း ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန ...

ထိုင်းနိုင်ငံရှိ လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တစ်ခု တွေ့ရှိရသည်မှာ မှန်ကန်ကြောင်း ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန (DES) က အတည်ပြုလိုက်ပြီး အဆိုပါဗိုင်းရပ်စ်သည် COVID-19 နှင့်နှိုင်းယှဉ်လျှင် ကူးစက်နိုင်စွမ်းနှင့် ရောဂါဖြစ်ပွားစေနိုင်စွမ်း သိသိသာသာလျော့နည်းကြောင်း သိရှိရပါသည်။ လက်ရှိအချိန်အထိ လူသားများထံ ကူးစက်မှုမရှိသေးသည့်အပြင် ကပ်ရောဂါအသွင်ပြန့်ပွားနိုင်ခြေ အလွန်နည်းပါးသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်စစ်ဆေးကြရန် တိုက်တွန်းထားပါသည်။

news-view-count-icon

36