ဒီမနက်ပိုင်း၉ နာရီခန့်ကဒညင်းကုန်းလမ်းဆုံအနီးမှာ YBS ၈၈ ယာဉ်လိုင်းကယာဉ်တစ်စီးဟာနောက်ပြန်ဆုတ်ရာကနေကားနောက်မှာရပ်နေတဲ့ အမျိုးသမီးကို တက်ကြိတ်မိသွားတာပါ။ အဲဒီဖြစ်စဉ်မှာသေဆုံးသွားတဲ့အမျိုးသမီးက အသက် ၆၀ ကျော်အရွယ်ရှိပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့အမျိုးသမီးရုပ်အလောင်းကိုတော့အင်းစိန်ဆေးရုံကြီးဆီ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။



