back

မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်း ပြန်ဖွင့် ၊ခရီးသည်တင်ယာဉ်များသာ ဖြတ်သန်းနေသေး

May 11 • 12:54 PM

breaking-news

Myanmar

Kachin

cover

မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်း ပြန်ဖွင့် ၊ခရီးသည်တင်ယာဉ်များသာ ဖြတ်သန်းနေသေး

၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကိုမေလ(၉)ရက်နေ့ကနေ စတင်ပြီး ခရီးသည်တင်ယာဉ်များဖြတ်သန်းသွားလာနေကြပြီဖြစ...

၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကိုမေလ(၉)ရက်နေ့ကနေ စတင်ပြီး ခရီးသည်တင်ယာဉ်များဖြတ်သန်းသွားလာနေကြပြီဖြစ်ကြောင်း ခရီးသွားများထံမှ သိရပါတယ်။မကြာသေးမီ မေလ(၆)ရက်နေ့မှာ အပြည်အဝပြန်လည်ထိန်းချုပ်လိုက်တဲ့ ထီးချိုင့်မြို့လမ်းပိုင်းဘက်ကို ဖြတ်သန်းခွင့်ပေးလိုက်တာဖြစ်ပြီး ပုံမှန်တစ်ညအိပ်ခရီးသာ ကြာမြင့်တယ်လို့ သိရပါတယ်။ဒါပေမယ့် ဒီလမ်းပိုင်းကို ကုန်တင်ယာဉ်များကတော့ သွားလာခြင်းမရှိသေးဘူးလို့လည်း သိရပါပြီး ယာဉ်အသေးတွေဖြစ်တဲ့ AD Van နဲ့ ပရိုပေါက်ကားများသာ ဖြတ်သန်းနေကာ ကားခ(၇)သိန်းနီးပါးအထိ ရှိနေတယ်လို့ ခရီးသွားများက ဆိုကြပါတယ်။ဒီလမ်းပိုင်းပိတ်ပင်နေစဉ်နှစ်ပိုင်းတွေမှာ ကွင်းလမ်းများကနေ ရက်သတ္တပတ် နှစ်ပတ်ကနေ ရက်အတော်ကြာအထိ စျေးနှုန်းကြီးမြင့်စွာ သွားလာဖြတ်သန်းခဲ့ကြရတာလည်း ဖြစ်ပါတယ်။


news-view-count-icon

21