ယူအေအီး၌ လာမည့် အိဒ်အယ်လ်အက်ဒ်ဟာ (Eid Al Adha) အားလပ်ရက်အတွင်း ခရီးသွားလာမှု ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ယူအေအီးနိုင်ငံမှ အီဂျစ်၊ ဂျော်ဒန်နှင့် လက်ဘနွန် အပါအဝင် အာရပ်နိုင်ငံများသို့ ပြေးဆွဲသည့် လေယာဉ်လက်မှတ်စျေးနှုန်းများသည် ပုံမှန်ထက် ၄၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်နေကြောင်း ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက ၂၀၂၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ပြောကြားခဲ့ပြီး အထူးသဖြင့် ကိုင်ရိုနှင့် အမ်မန်မြို့များသို့ သွားမည့် လေယာဉ်လက်မှတ်များမှာ အဝယ်အများဆုံးဖြစ်နေကာ လက်ရှိတွင် လက်မှတ်ခစျေးနှုန်းများမှာ အသွားအပြန်အတွက် ဒီရဟမ် ၂,၀၀၀ မှ ၂,၅၀၀ အကြား ရှိနေသည့်အပြင် ခရီးသွားလိုသူများအနေဖြင့် စျေးနှုန်းသက်သာစွာ ရရှိနိုင်ရန် အနည်းဆုံး တစ်လကြိုတင်၍ ဘိုကင်တင်ထားရန်နှင့် ခရီးသွားချိန် အပြောင်းအလဲလုပ်နိုင်ရန် (Flexibility) အကြံပြုထားကြောင်း သိရပါသည်။


