ထိုင်းနိုင်ငံ၊ဘန်ကောက် မှ ဖွေထိုင်းပါတီဌာနချုပ်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ဖက်ချာဘူရီလမ်း (Phetchaburi Road) ရဲ့ လမ်းပိုင်းတစ်ခုဟာ ဒီနေ့ မေလ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အာဏာပိုင်တွေက မြို့ပြင်ထွက်တဲ့ လမ်းတစ်ကြောင်းကို ပိတ်လိုက်ရပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအာဏာပိုင်အဖွဲ့ (MEA) က ဖြစ်စဉ်ကို စစ်ဆေးနေပြီး ဘေးကင်းလုံခြုံရေးနဲ့ ပြုပြင်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့အတွက် ယာဉ်မောင်းတွေအနေနဲ့ အဲဒီလမ်းပိုင်းကို ရှောင်ကွင်းမောင်းနှင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီကနေ့ မနက်ပိုင်းအထိတော့ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေဟာ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
May 10 • 6:49 AM
Thailand
Local News
Share
| 28 | 0 | 0 | 0 |


