စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်ရှိ သကြားစက်ရုံအချို့ လည်ပတ်နိုင်ခြင်းမရှိခြင်းနှင့် ကြိတ်ဝါးတန်ချိန် လျှော့ချခြင်းတို့ကြောင့် တောင်သူများအနေဖြင့် ရောင်းချ၍မရသော ကြံခင်းများကို မီးရှို့ဖျက်ဆီးပစ်နေရကြောင်း သိရှိရပါသည်။ အဆိုပါဒေသတွင် နှစ်စဉ် ကြံတန်ချိန် ၁၂ သိန်းကျော် ထွက်ရှိသော်လည်း ယခုနှစ်တွင် တန်ချိန် ၅ သိန်းအောက်သာ ဝယ်ယူနိုင်ခဲ့သဖြင့် ဧကသောင်းနှင့်ချီသော ကြံခင်းများ ဆုံးရှုံးခဲ့ရပြီး၊ စက်ရုံများဘက်ကမူ နယ်မြေမတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သကြားရောင်းချရန် ခက်ခဲခြင်းနှင့် ကုန်ကြမ်းမပြည့်စုံခြင်းတို့ကြောင့်ဟု ဆိုပါသည်။ ကြံဝယ်ယူဈေးနည်းပါးခြင်းနှင့် အရှုံးပေါ်ခြင်းတို့ကြောင့် လာမည့်နှစ်တွင် ကြံစိုက်ပျိုးမှုများ လျှော့ချသွားရန် တောင်သူများက စီစဉ်နေကြကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်တွင် သကြားစက်ရုံများက ကြံဝယ်ယူမှု လျှော့ချခြင်းကြောင့် တောင်သူများ ကြံခင်းများကို မီးရှို့ဖျက်ဆီးနေရ
May 10 • 5:57 AM
Myanmar
Sagaing
Share
| 34 | 0 | 0 | 0 |


