မြန်မာMMAကစားသမား ဂျိုရှူအာဗန်ရဲ့ ဖလိုင်းဝိတ်ချန်ပီယံကာကွယ်ပွဲပါဝင်တဲ့ UFC 328 Main Card ကို မြန်မာစံတော်ချိန် နံနက် ၇း၃၀နာရီမှာ စတင်ထိုးသတ်နေပြီဖြစ်ပါတယ်။ဂျိုရှူအာဗန်နဲ့ တက်ဆူရိုတိုင်ရာတို့ရဲ့ဖလိုင်းဝိတ်တန်းပွဲဟာ Co-Main Event ဖြစ်လို့ စတုတ္ထမြောက်ပွဲစဉ်မှ ထိုးသတ်ပါလိမ့်မယ်။လက်ရှိ ကင်းဂရင်းနဲ့ ဂျရမီးစတီဖင်စ်တို့ရဲ့ ကက်ဝိတ်တန်းပွဲစဉ် စတင်ထိုးသတ်နေတာပါ။ဒီပွဲပြီးရင်တော့ ရှောင်ဘရက်ဒီနဲ့ ဂျိုအာကင်းဘက်ကလေတို့ရဲ့ ဝယ်လ်တာဝိတ်တန်းပွဲစဉ်၊ အလက်ဇန္ဒားဗော်လ်ကော့ဗ်နဲ့ ဝယ်လ်ဒိုကော်တက်စ်အကော်စတာတို့ရဲ့ဟဲဗီးဝိတ်တန်းပွဲစဉ်ပြီးမှ ဂျိုရှူအာဗန်ပွဲစဉ် ရောက်ရှိလာမှာဖြစ်တယ်။ဂျိုရှူအာဗန်-တက်ဆူရိုတိုင်ရာတို့ပွဲစဉ်က အစောဆုံး မြန်မာစံတော်ချိန် နံနက် ၉း၁၅ နာရီနောက်ပိုင်းမှ Cage ထဲ လျှောက်လှမ်းလာဖို့ ရှိပါတယ်။ဘွတ်ကီဒိုင်တွေကတော့ ချန်ပီယံ ဂျိုရှူအာဗန်ထက် တက်ဆူရိုကို ပိုမိုအလေးပေးထားပါတယ်။
May 10 • 1:50 AM
Myanmar
International
Share
| 59 | 0 | 0 | 0 |


