back

ထိုင်းအစိုးရက နယ်စပ်မှာ Hantavirus စစ်ဆေးမှုကို တင်းကြပ်

May 09 • 4:02 PM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက နယ်စပ်မှာ Hantavirus စစ်ဆေးမှုကို တင်းကြပ်

ထိုင်းနိုင်ငံအတွင်းမှာ Hantavirus (ဟန်တာဗိုင်းရပ်စ်) ကူးစက်ခံရသူ မတွေ့ရှိသေးပေမဲ့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက နိုင်ငံတကာဝင်ပေါက်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေကိ...

ထိုင်းနိုင်ငံအတွင်းမှာ Hantavirus (ဟန်တာဗိုင်းရပ်စ်) ကူးစက်ခံရသူ မတွေ့ရှိသေးပေမဲ့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက နိုင်ငံတကာဝင်ပေါက်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေကို ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့ကစလို့ တိုးမြှင့်လိုက်ပါတယ်။ အထူးသဖြင့် တောင်အမေရိကလိုမျိုး ရောဂါဖြစ်ပွားရာဒေသတွေကလာတဲ့ ခရီးသည်တွေ၊ အပျော်စီးသင်္ဘောတွေနဲ့ ကုန်တင်ယာဉ်တွေကို အသေးစိတ်စ-စ်ဆေးဖို့ ညွှန်ကြားထားပြီး နယ်စပ်ဝင်ပေါက်တွေမှာလည်း ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို သေချာစိစစ်နေပါတယ်။ ပြည်ပကပြန်လာတဲ့ ခရီးသွားတွေအနေနဲ့လည်း အကယ်၍ ကိုယ်ပူတာ၊ ကြွက်သားနာကျင်တာ ဒါမှမဟုတ် အသက်ရှူရခက်ခဲတာမျိုးတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့နဲ့ မိမိရဲ့ ခရီးသွားရာဇဝင်ကို သေချာပြောပြဖို့ တိုက်တွန်းထားပါတယ်။




news-view-count-icon

14