back

ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျ အစားထိုးလဲလှယ်နိုင်ရန်ဆောင်ရွက်နေ

May 09 • 4:01 PM

breaking-news

Myanmar

Yangon

cover

ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျ အစားထိုးလဲလှယ်နိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်းရှိ ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျခဲ့မှု ယနေ့ မေ ၉ ရက်နေ့လ...

ရန်ကုန်တိုင်းရှိ ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျခဲ့မှု ယနေ့ မေ ၉ ရက်နေ့လည် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ထံမှ သိရသည်။ထို့ကြောင့် ဓာတ်အားပြတ်တောက်မှုဧရိယာလျော့နည်းစေရန် လိုင်း section ဖြတ်၍ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)ဘက်သို့ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားကာပျက်စီးသွားသော လျှပ်စစ်ဓာတ်တိုင် (၂)တိုင်အားအစားထိုးလဲလှယ်ရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကဆောင်ရွက်လျှက်ရှိပါကြောင်း သိရသည်။လက်ရှိအချိန်၌ ယာဉ်တိုက်မှု့ကြောင့် ရွှေလင်ပန်းစက်မှုဇုန်ရှိ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိသည်ဟု YESC ကအသိပေးထားကြောင်း သိရသည်။




news-view-count-icon

30