စျေးဆိုင်ခန်းပေါင်း(၂၄၉)ခန်းပါဝင်ပြီး မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်နှင့် တိုးချဲ့ရပ်ကွက်များတွင်နေထိုင်သူများ သန့်ရှင်းသပ်ရပ်စွာဈေးဝယ်ယူနိုင်စေရန်နှင့် ပျံ့ကျဈေးသည်များစနစ်တကျရောင်းချနိုင်ရန်အတွက် အောင်မေတ္တာရပ်ကွက်၊ သစ်တောလမ်း၌ "အောင်သစ်လွင်"စျေးသစ်ကို မေ ၈ ရက်ကဖွင့်လှစ်ခဲ့သည်။အဆိုပါ စျေးသစ်ကို မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းအစိုးရ အဖွဲ့အနေဖြင့် ပြည်သူ့အသံကိုနားထောင်ပြီး အစဉ်တစိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ "အောင်သစ်လွင်"ဈေးသစ်သည် ပြည်သူလူထု၏အ ခြေခံလိုအပ်ချက်ထဲမှ အဓိကကျသောအဆောက်အအုံတစ်ခုဖြစ်၍ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
May 09 • 4:53 AM
Myanmar
Magway
Share
| 30 | 0 | 0 | 0 |


