back

ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် ပျဥ်းမနားမြို့ ရှမ်းကန်ရှိ ငါးများ ‌ေသဆုံး

May 09 • 4:51 AM

breaking-news

Myanmar

Naypyidaw

cover

ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် ပျဥ်းမနားမြို့ ရှမ်းကန်ရှိ ငါးများ ‌ေသဆုံး

ပျဥ်းမနားမြို့၏ အထင်ကရနေရာတခုဖြစ်သည့် ရှမ်းကန်ရှိ ငါးများသည် ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် အများအပြား ‌ေသဆုံးသွားကြောင်း သိရသည်။ယင်းငါးများသည် အပူရှိန်ကြောင်...

ပျဥ်းမနားမြို့၏ အထင်ကရနေရာတခုဖြစ်သည့် ရှမ်းကန်ရှိ ငါးများသည် ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် အများအပြား ‌ေသဆုံးသွားကြောင်း သိရသည်။ယင်းငါးများသည် အပူရှိန်ကြောင့် အောက်စီဂျင်ပြတ်ပြီး ‌ေသဆုံးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ ကန်၏ ရေအရည်အသွေး ညစ်မှုကြောင်းလည်း ဖြစ်နိုင်ကြောင်း သွားရောက်ဆယ်ယူပေးခဲ့သူများက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။“အားလုံးသုံးသပ်တာကတော့ အပူရှိန်လွန်ကဲပြီး အောက်ဆီဂျင်ပြတ်ပြီး အခုလို ငါးတွေ‌ေသတယ်လို့လောလာဆယ် သုံးသပ်ထားကြပါတယ်" လို့မိုးစေတနာပရဟိတအသင်း ရန်ကုန်-မန္တလေး  ပျဥ်းမနားရုံးခွဲ လူငယ် တွဲလက်များလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဌ ကိုဝေဖြိုးကလည်း သတင်းမီဒီယာများကို ဖြေကြားထားသည်။

news-view-count-icon

32